ယင်းနှင့်ပတ်သက်၍ 1212 Call Center မှပြောပြရာတွင် "SMS စနစ်နဲ့ အင်တာနက်လျှောက်ထားတဲ့ နေရာမှာ တစ်ခါတစ်ရံမှာ အင်တာနက်အသုံးပြုလို့ရပြီဆိုတဲ့ Message ကချက်ချင်းပြန်မလာတတ်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီလိုမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ 1331 ကို SMS ပို့ပြီး ထပ်မံလျှောက်ထားရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်ရံမှာ လျှောက်ထားတဲ့ ဖုန်းအရေအတွက်ကများတဲ့အတွက် လိုင်းကျပ်သွားတာမျိုး၊ လျှောက်ထားမှုတွေ စုပြုံသွားတာမျိုး ရှိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးကျရင်တော့ အချို့ဖုန်းတွေမှာ Message ပြန်မရတတ်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ခဲ့တယ်ဆိုရင်တော့ 1331 ဆီကို Orderdata service ဆိုတဲ့စာကို ထပ်ပြီးပို့ပေးရပါမယ်"ဟုပြောသည်။
အဆိုပါ SMS ဖြင့် အင်တာနက်လျှောက်ထားခြင်း ၀န်ဆောင်မှုတွင် အင်တာနက်စနစ်လျှောက်ထားသူ အနေဖြင့် မိမိပို့လိုက်သော SMS အတွက် အင်တာနက်အသုံးပြုခွင့်ရရှိပြီဖြစ်ကြောင်း စာပြန်လာရန်အတွက် အချိန်အနည်းငယ်ခန့်စောင့်ဆိုင်းရမည်ဖြစ်ပြီး မိမိဖုန်းအတွင်းရှိ လက်ကျန်ငွေပမာဏကိုလည်း စစ်ဆေးရမည် ဖြစ်ကြောင်းသိရသည်။ အင်တာနက်အသုံးပြုခွင့်ရပြီဖြစ်ကြောင်း စာပြန်မလာသည့်အပြင် မိမိ၏ဖုန်းအတွင်းရှိ ငွေပမာဏထဲမှ ကျပ် ၁၀၀၀၀ ကိုလည်း ဖြတ်တောက်ခြင်းမရှိသေးပါက အချိန်အနည်းငယ်ခန့်စောင့်ဆိုင်းကာ ထပ်မံပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
အင်တာနက်စနစ်အား SMS စနစ်ဖြင့် လျှောက်ထားအသုံးပြုသူအရေအတွက်မှာ နေ့စဉ်များပြားလျက် ရှိခြင်းကြောင့် လိုင်းကျခြင်း အခက်အခဲအနည်းငယ်ခန့်ရှိပါက ယင်းကဲ့သို့ ချက်ချင်းစာပြန်မလာခြင်း ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ SMS စနစ်ဖြင့် အင်တာနက်လျှောက်ထားခြင်းဝန်ဆောင်မှုအား GSM နှင့် WCDMA ဖုန်းများအားလုံး အသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက်လျှောက်ထားခြင်းအတွက် 1331သို့ ပေးပို့သော Message SMS တစ်စောင်အတွက်လည်း SMS တစ်စောင်နှုန်းအတိုင်း ကျသင့်မည် ဖြစ်ကြောင်းသိရသည်။
From: Internet Journal (5.9.203)
No comments:
Post a Comment