Thursday, September 5, 2013

နောက်ထွက်မည့် iPhone နှစ်မျိုး iPhone 5S နှင့် iPhone 5C ဖြစ်မည်ဟုဆို


MacRumors Blog တွင်ဖော်ပြထားသော iPhon 5C ပုံများ

စက်တင်ဘာ ၁၀ ရက်နေ့တွင် ထွက်မည်ဟု သတင်း ပြေးနေသည့် Apple ကုမ္ပဏီထုတ် iPhone နှစ်မျိုးကို iPhone 5S နှင့် iPhone 5S ဟု အမည်ပေး ထားကြောင်း၊ 5C သည် ဈေးနှုန်းသက်သာသည့် အမျိုးအစားဖြစ်ပြီး Apple ၏ ဗျူဟာကို ပြောင်းလဲနိုင်မည့် ဖုန်းဖြစ်ကြောင်း Yahoo New သတင်းစာ မျက်နှာတွင် ရေးသားထားသည်။

iPhone 5S သည် ယခင် iPhone 5 နှင့် အလားသဏ္ဌာန် အတူတူဖြစ်ပြီး ပရိုဆက်ဆာမှာ ပိုပြီး မြန်ဆန်လာကာ၊ ကင်မရာလည်း ပိုမို ကောင်းမွန် လာနိုင်ပြီး 12-megapixel ရှိနိုင်ကြောင်း လက်ဗွေဖြင့် ဖွင့်ရန် စီစဉ်ထားပြီး laptop တွင် မတွေ့ဖူးသေးသော အတွေ့အကြုံများကို ရရှိနိုင်ရန် ထည့်သွင်းပေးထားကြောင်း ယင်းသတင်းက ဆိုသည်။

မကြာမီထုတ်မည့် iPhone နှင့် ဈေးကွက်တွင် ယှဉ်ရမည်မှာ Samsung သာ ဖြစ်ကြောင်း လူတိုင်း iOS သို့မဟုတ် Android တစ်ခုခုကို စိတ်ကြိုက် ရွေးချယ်ကြရန်သာ ဖြစ်ကြောင်း သို့သော် Apple က မကြာမီ ထုတ်မည့် iOS 7 ကလည်း Apple ကုမ္ပဏီအတွက် သေရေး ရှင်ရေး ဖြစ်ကြောင်းလည်း Yahoo သတင်းတွင် ရေးသားထားသည်။

From: The Voice Weekly (facebook)

No comments:

Post a Comment