- ရဟန်းသံဃာတို့၏ပစ္စည်းများ၊ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းကန်တို့မှ ပစ္စည်းများကို အိမ်တွင်ယူဆောင်၍ အသုံးမပြုကောင်းပါ။
- အခါကြီးရက်ကြီး။ ဥပုသ်ရက်များ၌ ခေါင်းမလျော်ကောင်း၊ မေထုန် သံဝါသ မပြုကောင်းပါ။
- လင်ယောကျာ်း၏ လက်ယာဘက်တွင် ဇနီးသည် မအိပ်ကောင်းပါ။
- မိမိထက် အသက်အရွယ်၊ ပညာ၊ ဂုဏ်ကြီးမြတ်သော သူတို့ထက် မြင့်သောနေရာတွင် မထိုင်ကောင်းပါ။
- မိသားစုတစ်စုအတွင်းတွင် တစ်နှစ်တည်းနှင့် သုံးမင်္ဂလာ မပြုကောင်းပါ။
- ၀ါတွင်းကာလ၌ အိမ်ထောင်မပြုကောင်းပါ။
- ၀ါတွင်းကာလ၌ အိမ်မပြောင်းကောင်းပါ။
- ၀ါတွင်းကာလ၌ ခေါင်းအုံးမချုပ်ကောင်းပါ။
နန်းအောင်လူ(အောင်ပန်း)
From: မနောမယဂျာနယ် (28.8.2013)
No comments:
Post a Comment