Zippy Share Website မှာ zip file နဲ့တင်ထားတာလေးကို ပြန်လည်ဝေငှပေးလိုက်ပါတယ်။
Saturday, September 14, 2013
Advanced Task Manager Pro v3.1.7
Android ဖုန်းတွေမှာ နောက်ကွယ်က အလုပ်လုပ်နေတဲ့ application တွေကိုရှင်းဖို့
Advanced Task Manager နောက်ဆုံးဗားရှင်းလေးပါ။ (zip ဖိုင် 1.05 MB)
DU Battery Saver PRO & Widgets v3.2.5.pro APK
Android ဖုန်းတွေအတွက်
ဘထ္ထရီအစားသက်သာစေမယ့် ဆော့ဝဲလေးပါ
DUBatterySProv3.2.5.pro.zip(2.68 MB)
Adobe Flash Player 11.8.800.174 (Non IE)
ဒါလေးကတော့ Browser တွေမှာမရှိမဖြစ်လိုအပ်တဲ့ Addon လေးတစ်ခုပါ။
14 September 2013 မှာထွက်တဲ့ နောက်ဆုံး ဗားရှင်းလေးပါ
မူရင်း Adobe ၀က်ဆိုဒ်မှာ Online Installer ဖိုင်ကိုသာပေးပါတယ်။
အခုဒီမှာတော့ Offline Installer ဖိုင်ကိုတင်ပေးထားပါတယ်။
ဖိုင်ဆိုဒ်ကတော့ (16.9 MB) ပါ
Internet Download Manager 6.17 Build 9
Internet Download Manager 6.17 Build 9 and Patch File (5.01 MB)
Facebook က သင့်ကို Block ရခြင်း အကြောင်း များ
- Friend အသားကုန် Add ခြင်း
--------------------------
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။
- Message ဇွတ်ပို့ခြင်း
-----------------------
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။
- Like ဇွတ်လုပ်ခြင်း
---------------------
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။
- Group အများအပြား ဝင်ခြင်း
--------------------------
User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။
- နာမည်ရင်း အသုံးမပြုခြင်း
--------------------------
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။
- Friend များလွန်းခြင်း
------------------------
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။
- နေရာ ပြောင်းသုံးလွန်းခြင်း
--------------------------
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။
ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြေားများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျို
- Device ပြောင်းသုံးလွန်းခြင်း
--------------------------
ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျု
- Poke လုပ်လွန်းခြင်း
-----------------------
Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြ
- Link များ ရှဲလွန်းခြင်း
------------------------
ဒါလည်း လက်တွေ့ကြုံရပါတယ်။ Blog တွေ၊ Word press တွေက လာတဲ့ Link တွေကို Facebook ပေါ်ကနေ Transfer လုပ်တာမျိုးကို သူတို့ မကြိုက်ပါဘူး။ Facebook က ဒါကို Security Attack လုပ်မယ့် သူတွေလို့ပဲ များသောအားဖြင့် သတ်မှတ်ပါတယ်။ ဒါကြောင့် Post တွေမှာပဲ ဖြစ်ဖြစ်၊ Message တွေမှာပဲ ဖြစ်ဖြစ် Link တစ်ခုတည်းကိုပဲ အားရပါးရ ပေးနေရင် Security question တွေစပါပြီ။
- အသက် ၁၈ နှစ်မပြည့်သေးရင်
--------------------------
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။
- Report အလုပ်ခံရများရင်
--------------------------
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။
- App ဇွတ်သုံးခြင်း
--------------------
သူများ ဟို App လေးတင်တော့ ကိုယ်လည်း လိုက် click ကြည့်တာပဲ။ ဟို လခ့်လေးတွေ့တော့ ကလစ်ကြည့်လိုက်တာပဲနဲ့ နောက်ဆုံး အကောင့် အပိတ်ခံရတတ်ပါတယ်။
- အခြားအကြောင်းအရာများ
--------------------------
အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ ကိုယ် ဖန်တီးတဲ့ app ကို ဇွတ်ကြော်ငြာနေတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်
အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။
Credit to:အောင်ခမ်း (TSJ team) မှကူးယူဖော်ပြပါသည်
Sunday, September 8, 2013
Katy Perry (Roar)
ဒီတစ်ခါတော့ အခုလက်ရှိ Top Ten Songs မှာ ထိပ်ဆုံးရောက်နေတဲ့
Katy Perry ရဲ့ Roar ဆိုတဲ့ သီချင်းလေးကို တင်ပေးလိုက်ပါတယ်။
Katy Perry ရဲ့ Roar ဆိုတဲ့ သီချင်းလေးကို တင်ပေးလိုက်ပါတယ်။
Thursday, September 5, 2013
ရှောင်သင့်တာကိုရှောင်ပါလေ၊ ဆောင်သင့်တာကိုဆောင်ပါလေ
- ရဟန်းသံဃာတို့၏ပစ္စည်းများ၊ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းကန်တို့မှ ပစ္စည်းများကို အိမ်တွင်ယူဆောင်၍ အသုံးမပြုကောင်းပါ။
- အခါကြီးရက်ကြီး။ ဥပုသ်ရက်များ၌ ခေါင်းမလျော်ကောင်း၊ မေထုန် သံဝါသ မပြုကောင်းပါ။
- လင်ယောကျာ်း၏ လက်ယာဘက်တွင် ဇနီးသည် မအိပ်ကောင်းပါ။
- မိမိထက် အသက်အရွယ်၊ ပညာ၊ ဂုဏ်ကြီးမြတ်သော သူတို့ထက် မြင့်သောနေရာတွင် မထိုင်ကောင်းပါ။
- မိသားစုတစ်စုအတွင်းတွင် တစ်နှစ်တည်းနှင့် သုံးမင်္ဂလာ မပြုကောင်းပါ။
- ၀ါတွင်းကာလ၌ အိမ်ထောင်မပြုကောင်းပါ။
- ၀ါတွင်းကာလ၌ အိမ်မပြောင်းကောင်းပါ။
- ၀ါတွင်းကာလ၌ ခေါင်းအုံးမချုပ်ကောင်းပါ။
နန်းအောင်လူ(အောင်ပန်း)
From: မနောမယဂျာနယ် (28.8.2013)
Clean Master (Cleaner) v3.8.0 Build 30800337
နောက်ထွက်မည့် iPhone နှစ်မျိုး iPhone 5S နှင့် iPhone 5C ဖြစ်မည်ဟုဆို
MacRumors Blog တွင်ဖော်ပြထားသော iPhon 5C ပုံများ
စက်တင်ဘာ ၁၀ ရက်နေ့တွင် ထွက်မည်ဟု သတင်း ပြေးနေသည့် Apple ကုမ္ပဏီထုတ် iPhone နှစ်မျိုးကို iPhone 5S နှင့် iPhone 5S ဟု အမည်ပေး ထားကြောင်း၊ 5C သည် ဈေးနှုန်းသက်သာသည့် အမျိုးအစားဖြစ်ပြီး Apple ၏ ဗျူဟာကို ပြောင်းလဲနိုင်မည့် ဖုန်းဖြစ်ကြောင်း Yahoo New သတင်းစာ မျက်နှာတွင် ရေးသားထားသည်။
iPhone 5S သည် ယခင် iPhone 5 နှင့် အလားသဏ္ဌာန် အတူတူဖြစ်ပြီး ပရိုဆက်ဆာမှာ ပိုပြီး မြန်ဆန်လာကာ၊ ကင်မရာလည်း ပိုမို ကောင်းမွန် လာနိုင်ပြီး 12-megapixel ရှိနိုင်ကြောင်း လက်ဗွေဖြင့် ဖွင့်ရန် စီစဉ်ထားပြီး laptop တွင် မတွေ့ဖူးသေးသော အတွေ့အကြုံများကို ရရှိနိုင်ရန် ထည့်သွင်းပေးထားကြောင်း ယင်းသတင်းက ဆိုသည်။
မကြာမီထုတ်မည့် iPhone နှင့် ဈေးကွက်တွင် ယှဉ်ရမည်မှာ Samsung သာ ဖြစ်ကြောင်း လူတိုင်း iOS သို့မဟုတ် Android တစ်ခုခုကို စိတ်ကြိုက် ရွေးချယ်ကြရန်သာ ဖြစ်ကြောင်း သို့သော် Apple က မကြာမီ ထုတ်မည့် iOS 7 ကလည်း Apple ကုမ္ပဏီအတွက် သေရေး ရှင်ရေး ဖြစ်ကြောင်းလည်း Yahoo သတင်းတွင် ရေးသားထားသည်။
From: The Voice Weekly (facebook)
လင်းလင်း (သံမဏိလိပ်ပြာ)
MP3 Download
၁။ မော်ဒန်ကဗျာ
၂။ ရင်ထဲကဂီတ
၃။ အချစ်ရဲ့ရလဒ်
၎။ အိပ်မက်ထဲကစစ်သားကြီး
၅။ အချစ်သီချင်းတစ်ပုဒ်
၆။ ရောင်နီ
၇။ သံမဏိလိပ်ပြာ
၈။ ရင်ကွဲနာ
၉။ လူငယ်တမ်းချင်း
၁၀။ တန်ဖိုးများနဲ့လူ
၁၁။ Bonus Track
12။ Death Of Mandalay
From: ဖူးစာရှင်လေး
တေးသံရှင်ဆိုတေး အရေးပေါ်ဆောင်မှ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသဆောင်သို့ ပြောင်းရွှေ့
မန္တလေး၊ စက်တင်ဘာလ ၃
မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဦးခေါင်းပိုင်းဒဏ်ရာဖြင့် ၄၈ ရက်ကြာ တက်ရောက်ဆေးကုသလျက် ရှိသော တေးသံရှင်ဆိုတေး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာသည့်အတွက် စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းမှ စတင်ကာ အရေးပေါ် အထူးကြပ်မတ်ကုသဆောင်မှ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသဆောင်သို့ ပြောင်းရွှေ့ကုသလျက် ရှိကြောင်း အဆိုပါဆေးရုံကြီးမှ ဆေးနှင့်လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင် က The Voice သို့ ပြောကြားသည်။
"လူနာက စကားတော့ မပြောသေးပါဘူး။ အသိတော့ ဝင်လာပါတယ်။ အဆောင်ပြောင်းတဲ့ နေ့တုန်းကဆို ဝှီးချဲ ပေါ်မှာထိုင်ပြီး ဆေးရုံကို လျှောက်ပတ်ပြတယ်။ ပြောရရင်တော့ စိုးရိမ်ရတဲ့ အခြေအနေကနေ လွတ်သွားတယ်ဆိုတဲ့ သဘောပေါ့" ဟု ဦးမင်းလွင်က ထပ်မံပြောကြားသည်။
တေးသံရှင် ဆိုတေးသည် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၉၁/၃ နှင့် ၄ ကြားတွင် ယာဉ်တိမ်းမှောက် ခဲ့သောကြောင့် မန္တလေးဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိရာ စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဆောင်သို့ ပြောင်းလဲကုသလျက် ရှိကြောင်း ဆိုတေး၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ချိုချိုဝင်းက ပြောကြားသည်။
"သူ့ကို ဆေးရုံစတင်တုန်းကတော့ ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ဆောင်မှာ တင်တာလေ၊ အရေးပေါ် အခြေအနေကြောင့် အထူးကြပ်မတ်ဆောင်ကို ပြောင်းလိုက်ရတာ။ အခုကျန်းမာရေးကလည်း တဖြည်းဖြည်း ကောင်းလာပါပြီ။ ဟိုတစ်နေ့က လေကောင်းလေသန့် ရအောင်လို့ ဆေးရုံထဲကို ပတ်ပြီး လိုက်ပြပေးတယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။
ရန်ကုန်မှမန္တလေး တောင်သာဘက်သို့ အသွား မိုင်တိုင် ၂၉၁/၃ မိတ္ထီလာ အမြန်လမ်းမပေါ်တွင် ဇူလိုင်လ ၁၄ ရက် နေ့က အဆိုတော် ဆိုတေး၊ ဇနီး၊ ခယ်မနှင့် ယာဉ်မောင်းတို့ စီးနင်းလာသည့် မော်တော်ယာဉ်မှာ ဘီးပေါက်ကာ ယာဉ်တိမ်းမှောက်ခဲ့ပြီး ၄င်းဖြစ်စဉ်ကြောင့် ဇနီးဖြစ်သူ မဝင့်ကုဋေသူ (ခ) ချောချောမှာ ကွယ်လွန်ခဲ့သည်။
From: The Voice Weekly (facebook)
Tuesday, September 3, 2013
Internet Download Manager 6.17 Build 8
Double Click နှိပ်ရုံနဲ့ Full Version ဖြစ်တဲ့ IDM 6.17 Build 8
From: ၀င်းကမ္ဘာကျော်
SMS စနစ်ဖြင့် အင်တာနက်လျှောက်ထားသူများ သတ်မှတ်ချိန်အတွင်း Message ပြန်မလာပါက SMS ထပ်မံပေးပို့ရမည်ဟုဆို
ယင်းနှင့်ပတ်သက်၍ 1212 Call Center မှပြောပြရာတွင် "SMS စနစ်နဲ့ အင်တာနက်လျှောက်ထားတဲ့ နေရာမှာ တစ်ခါတစ်ရံမှာ အင်တာနက်အသုံးပြုလို့ရပြီဆိုတဲ့ Message ကချက်ချင်းပြန်မလာတတ်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီလိုမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ 1331 ကို SMS ပို့ပြီး ထပ်မံလျှောက်ထားရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်ရံမှာ လျှောက်ထားတဲ့ ဖုန်းအရေအတွက်ကများတဲ့အတွက် လိုင်းကျပ်သွားတာမျိုး၊ လျှောက်ထားမှုတွေ စုပြုံသွားတာမျိုး ရှိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးကျရင်တော့ အချို့ဖုန်းတွေမှာ Message ပြန်မရတတ်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ခဲ့တယ်ဆိုရင်တော့ 1331 ဆီကို Orderdata service ဆိုတဲ့စာကို ထပ်ပြီးပို့ပေးရပါမယ်"ဟုပြောသည်။
အဆိုပါ SMS ဖြင့် အင်တာနက်လျှောက်ထားခြင်း ၀န်ဆောင်မှုတွင် အင်တာနက်စနစ်လျှောက်ထားသူ အနေဖြင့် မိမိပို့လိုက်သော SMS အတွက် အင်တာနက်အသုံးပြုခွင့်ရရှိပြီဖြစ်ကြောင်း စာပြန်လာရန်အတွက် အချိန်အနည်းငယ်ခန့်စောင့်ဆိုင်းရမည်ဖြစ်ပြီး မိမိဖုန်းအတွင်းရှိ လက်ကျန်ငွေပမာဏကိုလည်း စစ်ဆေးရမည် ဖြစ်ကြောင်းသိရသည်။ အင်တာနက်အသုံးပြုခွင့်ရပြီဖြစ်ကြောင်း စာပြန်မလာသည့်အပြင် မိမိ၏ဖုန်းအတွင်းရှိ ငွေပမာဏထဲမှ ကျပ် ၁၀၀၀၀ ကိုလည်း ဖြတ်တောက်ခြင်းမရှိသေးပါက အချိန်အနည်းငယ်ခန့်စောင့်ဆိုင်းကာ ထပ်မံပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
အင်တာနက်စနစ်အား SMS စနစ်ဖြင့် လျှောက်ထားအသုံးပြုသူအရေအတွက်မှာ နေ့စဉ်များပြားလျက် ရှိခြင်းကြောင့် လိုင်းကျခြင်း အခက်အခဲအနည်းငယ်ခန့်ရှိပါက ယင်းကဲ့သို့ ချက်ချင်းစာပြန်မလာခြင်း ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ SMS စနစ်ဖြင့် အင်တာနက်လျှောက်ထားခြင်းဝန်ဆောင်မှုအား GSM နှင့် WCDMA ဖုန်းများအားလုံး အသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက်လျှောက်ထားခြင်းအတွက် 1331သို့ ပေးပို့သော Message SMS တစ်စောင်အတွက်လည်း SMS တစ်စောင်နှုန်းအတိုင်း ကျသင့်မည် ဖြစ်ကြောင်းသိရသည်။
From: Internet Journal (5.9.203)
/system/app mover 1.5.5
Android ဖုန်းတွေမှာပါတဲ့ System Application တွေကိုဖျက်တဲ့ဆော့ဝဲ
ဒီဆော့ဝဲကို အသုံးပြုချင်ရင်တော့ Root လုပ်ထားဖို့လိုအပ်ပါတယ်။
Easy Uninstaller Pro v2.2.2
ဖုန်းထဲက သွင်းပြီးသား software တွေကို လွယ်ကူစွာ ပြန်ဖျက်နိုင်သော Easy Uninstaller Pro
From: Myanmar Mobile Application Stroe
Android ဖုန်းတွေအတွက် Code မလိုတဲ့ Viber
Activation Code မလိုတဲ့ Viber ( 8.69 MB)
Install ပြုလုပ်ချိန်တွင် အင်တာနက်ဖွင့်ထားပေးပါ။
Viber.apk ကို ဖုန်းထဲ Install လုပ်ပြီး လုပ်နေကြအတိုင်းလေး
ဖုန်းနံပါတ် ထည့်ရတဲ့နေရာလေးရောက်ရင် ခဏလေးဆောင့်နေလိုက်ပါ။
ကုဒ်တန်းပေါ်လာပါတယ်ခင်ဂျ။
ဖုန်းထဲကိုတော့ install လေးရအောင်သွင်းပေါ့။ တစ်ချို့ဖုန်းတွေကသွင်းရတာအဆင်မချောလို့။
Install ပြုလုပ်ချိန်တွင် အင်တာနက်ဖွင့်ထားပေးပါ။
Viber.apk ကို ဖုန်းထဲ Install လုပ်ပြီး လုပ်နေကြအတိုင်းလေး
ဖုန်းနံပါတ် ထည့်ရတဲ့နေရာလေးရောက်ရင် ခဏလေးဆောင့်နေလိုက်ပါ။
ကုဒ်တန်းပေါ်လာပါတယ်ခင်ဂျ။
ဖုန်းထဲကိုတော့ install လေးရအောင်သွင်းပေါ့။ တစ်ချို့ဖုန်းတွေကသွင်းရတာအဆင်မချောလို့။
Credit : MPx Team
Video File တော်တော်များဖွင့်နိုင်သော VLC Media Player 2.0.8
Wanted (တစ်ယောက်တစ်နေရာမှ)
ဒီတစ်ခါတော့ Wanted အဖွဲ့ရဲ့ တစ်ယောက်တစ်နေရာမှ ဆိုတဲ့ Album အသစ်လေးပါ
Download MP3 Files (MyanmrSong.Net မှကူးယူဖော်ပြသည်)
နံပါတ်တစ်
ဝေးခဲ့ရင် (လေးဖြူ)
အမှတ်မရှိ
နေမထွက်တဲ့ကမ္ဘာ
ငါ့ကုသိုလ်ကံ
ခွင့်လွှတ်ထားပါတယ်
ကိုယ့်သေတွင်းကိုယ်
ပြန်တွေ့ရင်
တစ်နေ့တော့ရောက်မယ်
ခေါင်းစဉ်မတပ်ပါ
မိုက်မဲသူ
Download MP3 Files (MyanmrSong.Net မှကူးယူဖော်ပြသည်)
အဲဗာတန်ကွင်းလယ်လူ ဖယ်လိုင်နီ မန်ယူသို့ရောက်ရှိ
မန်ချက်စတာယူနိုက်တက်အသင်းသည် အဲဗာတန် ကွင်းလယ်ကစားသမား ဖယ်လိုင်နီကို အပြောင်းအရွှေ့
ဈေးကွက် နောက်ဆုံးအချိန် (၃.၉.၂၀၁၃)တွင် ပေါင်(၂၇.၅)သန်းဖြင့် သဘောတူခေါ်ယူနိုင်ခဲ့သည်။မန်ယူအသင်းနည်းပြ ဒေးဗစ်မိုယက်စ် နှင့် ဖယ်လိုင်နီတို့သည် အဲဗာတန် အသင်းတွင် (၅)နှစ်ကြာ လက်တွဲခဲ့သူများဖြစ်သည်။ ဖယ်လိုင်နီသည် ၂၀၀၈ ခုနှစ်တွင် အဲဗာတန်အသင်းသို့ရောက်ရှိခဲ့ပြီး
(၁၇၃) ပွဲကစား၊ (၃၂)ဂိုးသွင်းယူပေးခဲ့သည်။ မန်ယူအသင်းတွင် ပိုင်ရှင်မဲ့နေသော ဂန္တ၀င်ကျောနံပါတ်(၇)ကို ၀တ်ဆင်ကစားလိမ့်မည်ဟု ထင်ကြေးပေးလျက်ရှိကြသည်။
အမည်၊ Marouane Fellaini
နေရာ၊ အလယ်တန်း
အသက်၊ ၂၅နှစ်
နိုင်ငံ၊ ဘယ်လ်ဂျီယံ
နိုင်ငံလက်ရွေးစင်အသင်းတွင် (၄၂)ပွဲကစား၊(၇)ဂိုး သွင်းယူပေးထားသည်။
Monday, September 2, 2013
အင်ဒိုသာသနာရေးဝန်ကြီး မယ်ကမ္ဘာရွေးပွဲကို ဖျက်ခိုင်း
စက်တင်ဘာ (၈)ရက်တွင် မယ်ကမ္ဘာပြိုင်ပွဲ ဘာလီကျွန်း၌ စတင်မကျင်းပမီ သီတင်းပတ်တစ်ပတ်အလို မူဆလင် အများစုရှိသော အင်ဒိုနီးရှားတွင် ဆန့်ကျင်မှုများ မြင့်မားလာသည်။ ၎င်းမယ်ကမ္ဘာအလှမယ် ရွေးချယ် ပွဲအား ဖျက်သိမ်းရန် အင်ဒိုနီးရှား သာသနာရေးဝန်ကြီးက တောင်းဆိုလိုက်သည်။
ဘီကီနီရေကူးဝတ်စုံဝတ် ပြိုင်ခြင်းကို ပယ်ဖျက်ရန်ပွဲစီစဉ် သူများက သဘောတူခဲ့သော်လည်း ပွဲအားဖျက်သိမ်းရန် နိုင်ငံ၏ ထိပ်တန်းအစ္စလာမ္မစ်ဘာသာရးခေါင်းဆောင်အဖွဲ့အစည်းက တောင်းဆိုခဲ့သည်။ စီစဉ်သူများအနေဖြင့် ယင်းဘာသာရေးအဖွဲ့အစည်း အကြံပြုချက်ကို လိုက်နာသင့်သည်ဟု သာသနာရေးဝန်ကြီး ဆူရီယာဒါမအလီက ပြောသည်။
''မယ်ကမ္ဘာပြိုင်ပွဲကို အခိုင် အမာဆန့်ကျင်ကြောင်း The Indonesian Ulema Council က ထုတ်ဖော် ပြောကြားထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အစ္စ လာမ္မစ်ရဲ့ အဆုံးအမတွေနဲ့ကိုက် ညီမှုမရှိလို့ပါ။ မူဆလင်အမျိုးသမီး တွေဟာ လျှပ်ပေါ်လော်လီတဲ့ကိုယ် ခန္ဓာအစိတ်အပိုင်းတွေကို ဖုံးအုပ် ထားရမယ်လို့ အစ္စလာမ်သာသနာ ကဆုံးမထားပါတယ်''ဟု ဩဂုတ်၂၉ ရက်နောက်ပိုင်းက ကြေညာချက် တစ်ခုတွင် ဝန်ကြီးက ပြောကြား ခဲ့သည်။
ဝန်ကြီးသည် ပြိုင်ပွဲကို လူ သိရှင်ကြားဆန့်ကျင်သည့် ပထမဆုံးအစိုးရအရာရှိဖြစ်ရာ ဗြိတိန်အခြေစိုက် ပွဲစီစဉ်သူများအတွက် ထိုးနှက်ချက် အသစ်တစ်ခုဖြစ် သွားခဲ့သည်။ အမျိုးသမီးများ၏ ကိုယ်ခန္ဓာကို ထုတ်ဖော်ပြသသော ယင်းပြိုင်ပွဲကို ဆန့်ကျင်ကြောင်း ထိုနေ့မှာပင် ဝန်ကြီးအရင် အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အကြီးအကဲက ပြောကြားခဲ့ သေးသည်။
ပြည်တွင်းမှ ပွဲစီစဉ်သူများကမူ ဝန်ကြီး၏ပြောကြားချက်ကြာင့် တုန်လှုပ်မှုမရှိခဲ့ပေ။ ပွဲမှာ ၎င်း၏ ပိုင်နက်နယ်ပယ်ထဲ တွင်မရှိသဖြင့် ပွဲကို ဆက်လက်ကျင်းပသွားရမည်ဟု ဆိုသည်။
''ဒါဟာ အစ္စလာမ္မစ်နိုင်ငံ တစ်ခုမဟုတ်ပါဘူး။ ဒီပြိုင်ပွဲကလဲ ယဉ်ကျေးမှုပွဲပါ။ ဘာသာရေးပွဲ မဟုတ်ပါဘူး''ဟု ပြည်တွင်းမှစီ စဉ်သူ ရုပ်သံ RTC ၏ ပေါင်းစည်း အတွင်းရေးမှူး အက်ဂျီအက်စ် ဆိုရက်မက်ဂျီက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
ထို့အပြင် တခြားဝန်ကြီး အများအပြားက မယ်ကမ္ဘာရွေးပွဲကိုထောက်ခံမည်ဟု ပြောကြား ခဲ့သေးသည်။
From: သြဂုတ်(၃၁) ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
အဆိုတော် Nကိုင်ရာ စက်တင်ဘာလလယ်တွင် လက်ထပ်မည်
“ကိုယ်မညာတော့ဘူး” သီချင်းဖြင့် ပရိသတ်များအကြား ရေပန်းစားခဲ့သော အဆိုတော် Nကိုင်ရာသည် ရည်းစား သက်တမ်း တစ်နှစ်ကျော်တွင် သူ၏ ချစ်သူ Nဘုန်းအောင်နှင့် လက်ထပ်မည်ဖြစ်ကြောင်း ၎င်းက မဇ္ဈိမသို့ ဖြေကြားခဲ့သည်။
“ ကျွန်မက ၂၀၁၂ ခုနှစ်လောက်က တောင်ကြီးမှာသီချင်းသွားဆိုတော့ သူနဲ့တွေ့တာပါ။ အသက်ကတော့ ကျွန်မထက် နှစ်နှစ်ကြီးပါတယ်။ ကျွန်မတို့က ဘုရားကျောင်းမှာ မင်္ဂလာဆောင်မယ်။ လုပ်နေတုန်းပဲ။ လလယ်လောက်လုပ်ဖို့ စီစဉ်နေတယ်။ ရက်အတိအကျတော့ မသိရသေးဘူး။ ကျွန်မတို့က ခရစ်ယာန်အနေနဲ့ရော ကချင်အနေနဲ့ရောက သတို့သမီးအပ်နှံပွဲရှိတယ်လေ။ အဲဒါကိုတော့ မိုးကုတ်မှာလုပ်ဖို့ စီစဉ်ထားပါတယ်။ ရန်ကုန်မှာကတော့ မင်္ဂလာဆောင်မှာပါ”ဟု ပြောခဲ့သည်။
အဆိုတော် Nကိုင်ရာသည် ၂၀၀၇ ခုနှစ်တွင် ဂီတအနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး “ကိုယ်မညာတော့ဘူး” သီချင်းဖြင့် ပရိသတ်များ၏ အသိအမှတ်ပြုခဲ့ခြင်းကိုခံခဲ့ရသည်။ ယခုအခါတွင် “Lady ကိုင်ရာ” ဆိုသည့်အမည်ဖြင့် စီဒီထွက်ရှိထားပြီး ဗီစီဒီတေးစီးရီးကိုထုတ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
From: မဇ္ဈိမသတင်းဌာန
Subscribe to:
Posts (Atom)